အခြေခံ ဘာသာစကား(၄)မျိုး ရှင်းပြချက်

  


(၁) နားထောင်ခြင်း - ဘာသာစကားအသစ်တစ်ခုကို သင်ယူတဲ့အခါ သူတို့ပြေတဲ့စကားကို ပထမဆုံးကြားရတယ်။

(၂) စကားပြောခြင်း - နောက်ဆုံးမှာ သူတို့ကြားတာတွေကို ထပ်ပြောဖို့ကြိုးစားကြတယ်။


(၃) ဖတ်ခြင်း - နောက်ပိုင်းမှာ သူတို့ပြောတဲ့ ဘာသာစကားကို သင်္ကေတများဖြင့် ပုံဖော်ပြီ သူတို့မြင်ကြရတယ်။

(၄) ရေးသားခြင်း - နောက်ဆုံးမှာ သူတို့ အဲဒီသင်္ကေတများကို စက္ကူပေါ်တွင် ပုံတူပွားကြတယ်။





ရှင်းလင်းချက်။ ။ 


(၁) နားထောင်ခြင်း

- ကလေးဘဝ ခန့်မှန်းခြေ ၂နှစ်ကာလအထိ စကားပြောမတတ်ကြသေးဘူး

- အဲဒီကာလထဲမှာ ကလေးတွေ မိဘ မိသားစုနဲ့အတူ ပတ်ဝန်းကျင်ကပြောတဲ့ စကားအသံတွေကို အရင်ဆုံး ကြားတယ်။

- ကလေးဟာ ပြန်ပြောမတက်ဘူး ဒါပေမယ့် တဖြည်းဖြည်းနဲ့ နားလည်လာတယ် ပြုံးပြတက်လာတယ်။


(၂) စကားပြောခြင်း

- ကြာလာတော့  ကြားတာတွေကို စစမ်းပြောလာတယ်။ "ဖေ ၊ မေ" ကဲ့သို့ဆိုပီး စခေါ်စမ်းလာတယ်

- ကြားလာတွေကို ထပ်ခါတလဲလဲ မပိကလာ ပိကလာ စကားထစ်ထစ်‌ငေါ့ငေါ့နဲ့ စပြောလာတယ်

- အဲလိုမပိကလာ ပိကလာနဲ့ စကားထစ်ထစ်ငေါ့ငေါ့ ပြောနေတဲ့အချိန်မှာ ကြားရသူအဖို့ ရယ်ရွှင်ပြုံးကြပြီ ချီးကျူးကြတယ်

- တဖြည်းဖြည်းနဲ့ ကြားနေကျ နေ့စဥ်သုံးစကားလုံးတွေကို ရက်တွေတိုးပီး ပိုပြောလာတော့တယ်


(၃) ဖတ်ခြင်း

- ကလေးတွေကို အရင်ဆုံးအဖတ် ပိုင်းဆိုင်ရာ စတင် သင်ကြားလာကြတယ်။

- ဘာသာစကားကို သင်္ကေတများဖြင့် ပုံဖော်ခဲ့ကြတဲ့ ပုံနှိပ်ရိုက်ထုတ်ဝေခဲ့ကြတဲ့ "က ခ ဂ င ..." စတဲ့ တာတွေကို မိဘ ဆရာဆရာမများ အကိုတွေက လက်လေးနဲ့ ထောက်ပြီး သင်ကြားပေးကြတယ်


(၄) ရေးသားခြင်း

- အဲလိုဖတ်ထားတဲ့ အခေါ်ဝေါ်လေးတွေရဲ့  သင်္ကေတလေးတွေကို ကလေးလေးတွေ စတင် ရေးချကြလေ့ကျင့်ကြတယ်

- ထပ်ခါတလဲလဲ လေ့ကျင့်မှုများလာတော့ အခြေခံကျတဲ့ "ဗျည်း သရ" တွေကို သိရှိနားလည်လာကြတယ်

- နောက်ဆုံးမှာ အသုံးများတဲ့ အခေါ်အဝေါ်တိုင်းကို လွယ်ကူစွာ ရေးနိုင်သွားကြတယ်


ကျွန်တော်ကျွန်မတို့ မည်သည့်ဘာသာရပ်မဆို လေ့လာသင်ယူ လေ့ကျင့်ရာတွင် အထက်ဖော်ပြပါ အခြေခံကျတဲ့ ဘာသာစကား စွမ်းရည် (၄) မျိုးနဲ့အတူ ကြိုးစားသွားရမယ်။


မေးခွန်း။ 

ကျွန်တော်ကျွန်မတို့က "အရေးကိုပဲ အရင်ဆုံး လေ့လာချင်တယ်, စာဖတ်တာကိုပဲ အရင်ဆုံးလေ့လာချင်တယ်" ဆိုသလို တွေးစရာတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်


အဖြေ။

သုံးသပ်ချက်ပေ့ါနော် - နားထောင်ခြင်းနဲ့ စကားပြောခြင်းက ဆက်စပ်မှုတွေရှိကြတယ်။ (၄)မျိုးစလုံးကလည်း အားလုံး ကိုယ်ဆီ ဆက်စပ်မှုတွေ ရှိကြတယ်

"နားမထောင်ပဲနဲ့ စကားပြန်ပြောလို့မရဘူးလေ... စကားနားထောင်ပြီးမှ ဘာပြောနေသလဲဆိုတာကိုသိပြီး စကားပြောပြကြရတယ်လေ" ဆိုတော့ နားထောင်ခြင်း နဲ့ စကားပြောခြင်းတို့က ဆက်စပ်မှုတွေရှိကြတယ်ဆိုတာ သိပြီနော်


ထို့နည်းအတူ စကားပြောဖို့ဆိုတာ စာဖတ်ဖို့ အများကြီးလိုတယ်နော် စာဖတ်ထားမှ အကြောင်းအရာကို သိမှာ

တစ်ယောက်က ဘယ်နိုင်ငံလာသလဲဆိုတာကို ပြောပြလာတဲ့အခါ အဲဒီနိုင်ငံရဲ့ နာမည်မဖတ်ထားဖူးလို့ မကြာဖူးလို့ မသိရင်လည်း ပြန်ပြောလို့အဆင်မပြေဘူးလေ ဘာလို့လဲဆိုတော့ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စာဖတ်အားနည်းလို့ဆိုတာ သိလာပြီနော်


နောက်တစ်ခုကို ဥပမာပြောပြရရင် နိုင်ငံခြားသားရုပ်ရှင်တွေကို ကြည့်ကြတယ်

ဘာသာပြန်ရေးထားတဲ့ "subtitle"ရှိတာနဲ့ မရှိတာနဲ့ ဘယ်အရာက ပိုနားလည်လွယ်သလဲဆိုတဲ့နေရာမှာ subtitle နဲ့ရေးထားတာက ပိုပြီးတော့ နားလည်တယ်။ ဒါကြောင့် စာဖတ်တာလည်း အရေးကြီးတယ်


နောက်ဆုံးမှာတော့ "ရေးသားခြင်းပေ့ါနော်"

ဘုံပါတဲ့အရာကတော့ ရေးသားခြင်းပါပဲ

"ကြားတာကို ပြန်ရေးမလား? ပြောတာကို ပြန်ရေးမလား? ဖတ်ထားတာကို ပြန်ရေးမလား? ဒီတော့ အခြေခံကျတဲ့ ဘာသာစကားစွမ်းရည် (၄)မျိုးကို မဖြစ်မနေ အားလုံး လေ့လာသွားကြရမယ်နော်။


အားလုံးပြန်ချုပ်လိုက်ရင် "နားထောင်လိုက်မယ်၊ ပြန်ပြောလိုက်မယ်၊ ဖတ်လိုက်မယ်၊ ရေးချလိုက်မယ်" ဆိုတဲ့အစီစဥ်လေးကို ပိုသဘောကျမိပါတယ်။ အားလုံးကလည်း ဆက်စပ်မှုတွေ ရှိကြတယ်။ အပေါ် မှာ ပြောပြခဲ့တဲ့ ဥပမာလေးတွေမှာ "ကလေးလေးဘဝ"ကို သင်ခန်းစာယူပြီး မည်သည့်ဘာသာစကားမဆို အခြေခံကျတဲ့ "ဘာသာစကားစွမ်းရည် (၄)မျိုးနဲ့အတူ" လေ့လာသွားကြရအောင်လို့.......



 💗🙏 မေတ္တာမွန်ဖြင့် 💗🙏
ကျိုက္ခမီသား လင်းနိုင်ဦး
Kyaikkhami Academy
(10 Sept 2021)

Post a Comment

0 Comments

Close Menu